[go: nahoru, domu]

မာတိကာသို့ ခုန်သွားရန်

ပါဆက်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ပါဆက်
A parsec is the distance from the Sun to an astronomical object that has a parallax angle of one arcsecond (not to scale)
ယူနစ်အချက်အလက်
အတိုင်းအတာစနစ်astronomical units
ယူနစ်၏အလျား/အကွာအဝေး
သင်္ကေတpc 
ယူနစ် ဖလှယ်မှုများ
1 pc in ...... ညီမျှသည်မှာ ...
   မက်ထရစ် (SI) units   3.0857×1016 m
   ~31 petametres
   imperial & US units   1.9174×1013 mi
   astronomical units   2.06265×105 au
   3.26156 ly

Parsec (သင်္ကေတ: pc) သည် နေအဖွဲ့အစည်းအပြင်ဘက် အရာဝတ္ထုများအား တိုင်းတာရာတွင် အသုံးပြုသည်။ ၁ parsec သည် အလင်းနှစ် ၃.၂၆ (၃၁ ထရီလီယံ ကီလိုမီတာ သို့မဟုတ် ၁၉ ထရီလီယံမိုင်ခန့်) ကွာဝေးသည်။ အနီးဆုံးကြယ်ဖြစ်သော ပရိုဆီမာ စင်တောရိသည် နေမှ ၁.၃ parsec ကွာဝေးသည်။ parsec အား အသုံးပြုရန် ဗြိတိသျှလူမျိုး နက္ခတ္တပညာရှင် Herbert Hall Turner မှ ပထမဆုံး အကြံပေးခဲ့သည်။ parsec ကို အနီးဆုံးအကွာအဝေးဖြစ်သော နဂါးငွေ့တန်း ဂယ်လက်ဆီအတွင်း တွင်ကျယ်စွာ အသုံးပြုခဲ့သည်။ သို့သော် ပိုဝေးသော ဂယ်လက်ဆီများအား တိုင်းတာရာတွင် parsec နှင့် မလုံလောက်တော့သဖြင့် kiloparsecs၊ megaparsecs၊ gigaparsecs စသည်ဖြင့် အသုံးချခဲ့သည်။ ယင်းတို့သည် အဝေးဆုံး ဂယ်လက်ဆီများဖြစ်သော ကွေဆာများနှင့် နက်ဗျူလာများ အစရှိသော မဟာစကြဝဠာအား တိုင်းတာရန် ဖြစ်သည်။

၁ parsec အောက်အကွာအဝေး

ကြယ်တစ်စင်းတည်းအား တိုင်းတာလျင် ပမဏနည်းပါးသည့် parsec အား အသုံးချသည်။ ဥပမာဆိုရသော်

  • AU သည် ၅×၁၀-၆ parsec ထက် မပိုပေ။
  • အဝေးဆုံးအကွာအဝေးတွင် ရောက်ရှိနေသော လူလုပ် အာကာသယာဉ် ဗွိုင်ယေဂျာ ၁ သည် ၀.၀၀၀၆ parsec ထိသာရောက်ရှိသည်။ ယင်းအတွက် ဗွိုင်ယေဂျာ ၁ သည် ၃၅ နှစ်တိုင် ခရီးနှင်ခဲ့ရသည်။
  • Oort Cloud သည် ခန့်မှန်းခြေအချင်းအားဖြင့် ၀.၆ parsec ရှိသည်။
M87 ၏ နယူကလိယပ်မှ ပန်းထုတ်လိုက်သောအရာသည် ၁.၅ kiloparsec (အလင်းနှစ် ၄၈၉၀) ရှိသည်။