[go: nahoru, domu]

မာတိကာသို့ ခုန်သွားရန်

မွန်ရိုးဝါဒ

ဝီကီပီးဒီးယား မှ

အမေရိကန်ပြည်ထောင်စု၏ ပဥ်စမမြောက် သမ်မတဖြစ်သူ ဂျိမ်းစ် မွန်ရိုး လက်ထက်တွင် ဖော်ထုတ်ခဲ့သောမူ၀ါဒဖြစ်ပြီး ၁၉ရာစုတစ်လှျော်က အမေရိကန်တို့၏ နိုင်ငံခြားရေး၀ါဒများ၏ အုတ်မြစ်ဟုလည်းဆိုနိုင်သည်။ ကမ်ဘာ့အနောက်ခြမ်းတွင် တည်ရှိသော အမေရိကတိုက်နှစ်တိုက်သည် ကိုလိုနီနယ်ချဲ့၀ါဒကို ဥရောပသားတို့အား လွတ်လပ်စွာပြုလုပ်ခွင့်ပေးတော့မည် မဟုတ်သည့်အကြောင်း၊ ကျူးကျော်လာမှုမှန်သမျှသည် အမေရိကန်ပြည်တွင်းသို့ ကျူးကျော်လည်ခြင်းဖြစ်သည်ဟု သဘောထားမည်ဖြစ်ကြောင်း စသည်ဖြင့် ကြေညာလိုက်ခြင်းဖြင့် ဥရောပသားတို့၏ အနောက်ကမ်ဘာခြမ်းအား လှှမ်းမိုးလိုမှုကို ရိုက်ချိုးခဲ့သည်။ သာမန်အားဖြင့် ကြည့်လျှင် အသားလွတ်ခြိမ်းခြောက်သည်ဟု မြင်သော်လည်း ထိုသို့ဖြစ်မလာသည့်အပြင် အမေရိကန်တို့အတွင် နိုင်ငံခြားရေးအုတ်မြစ်သဖွယ်ဖြစ်လာခဲ့သည်။ (၁၉၆၂ ကျူးဘားဒုံးပျံ အရေးအခင်း တွင် သမ်မတ ကနေဒီက ဆိုဗီယက်ရေတပ်အုပ်စုကို အမေရိကန်ရေတပ်သဘေငျာ်များဖြင့် ပိတ်ဆို့ရာတွင် မွန်ရိုး၀ါဒကို လှှတ်တော်တွင် ကိုးကားတင်ပြခဲ့သည်။)

“များပြားလှသော အမေရိကန်ပြည်သူတို့၏ အသက်၊သွေးခေၽွးနှင့် ရင်းပြီး ကာလတစ်လှျောက် ရင့်ကျက်လာသော အသိပညာတို့ကို အသုံးပြု၍... ” ဟုအစချီထားသော မွန်ရိုး၀ါဒကို မလိုသူတို့က နယ်ချဲ့၀ါဒကို စွပ်စွဲကြသည်။ အမေရိကန်၏ နယ်ချဲ့မည့် အချက်ပေးခေါင်းလောင်းသံဟု သတ်မှတ်ကြသည်။ သို့သော် ၁၉ရာစုနှင့် ၂၀ရာစုများတွင် အမေရိကန်တို့က လက်တင်အမေရိကတိုင်းပြည်များကို ၀င်ရောက်စွပ်ဖက်မှုမျိုးတို့မှာ ဗြိတိန်က မြန်မာ၊ အိန်ဒိယတို့ကို ကိုလိုနီပြုသည်နှင့် မတူခဲ့ပေ။ မွန်ရိုး၀ါဒတွင် အရေးပါသည့် အစိတ်အပိုင်း နှစ်ရပ်ပါ၀င်သည်။ ၄င်းတို့မှာ မူ၀ါဒ (Idealism) နှင့် လက်တွေ့(ြှealism) တို့ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် မည်သို့ ကွန့်ကြသည်ဖြစ်စေ ဤမူနှစ်ရပ်အတွင်းသာ ရှိကြသည်ဖြစ်သည်။

မူ၀ါဒအားဖြင့်ကြည့်လျှင် မွန်ရိုး၀ါဒသည် အမေရိကန်တော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူတို့၏ ဆန်ဒ၊ ခံယူချက်တို့အပေါ်တွင် ကိုယ်စားပြုသည်။ လွတ်လပ်သော အစိုးရကို လွတ်လပ်သောပြည်သူတို့က လွတ်လပ်စွားရွေးကောက်တင်မြောက်သည်။ ပြည်ပစွပ်ဖက်မှုတစ်စုံတစ်ရာ မပါပေ။ ဤအချက်သည် အမေရိကန် စိတ်ဓါတ် (American Spirit) ကို ပြသခြင်းဖြစ်သည်။

လက်တွေ့ပိုင်းတွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ပတ်၀န်းကျင်လုံခြုံမှုကို ရသောကြောင့် ပြည်တွင်းရေးကို ခိုင်မာအောင်တည်ဆောက်ခွင့်ရပြီး ကမ်ဘာ့အင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းနိုင်ခဲ့သည်။